ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၁) ဦးဆေးရုံဆင်းခွင့်ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ)တွင် ဆေး ကုသ မှုခံယူနေသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ(၁)ဦးသည် ဆေးရုံဆင်း သတ်မှတ် ချက်များအရ ယနေ့နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ် အချိန်က ဆေးရုံမှ ဆင်းခွင့် ပြု လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

မိုးမိတ်မြို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ကြေးငွေပေးဆောင်သည့် အစီအစဉ်စတင်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး သတိပေးချက်များနှင့်အညီ နှာခေါင်းစည်း (Mask )များတပ်ဆင့်သည့် အလေ့အကျင့်များ ရရှိစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေသည့် အစီအစဉ်ကို ယနေ့ နံနက် ၆ နာရီအချိန်က ကုန်စိမ်းနှင့်သားငါး ယာယီဈေးနှင့် စည်ပင်သာယာအဝိုင်းတို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှာခေါင်းစည်းများဝေငှ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့ ကော့သောင်းမြို့မှာ ရောဂါထိန်းချုပ်ရေး လုပ်ငန်း တွေကို ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးထား ဆောင်ရွက်နေကြသကဲ့သို့ မြို့ခံလုပ်ငန်းရှင်များ၊ INGO နဲ့ NGO အဖွဲ့များကလည်း ရောဂါထိန်းချုပ်မှု လုပ်ငန်းများ တဖက်တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းပါဝင်မှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (FED) အဖွဲ့နှင့် မိတ်ဖက်အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ လမ်းထွက် သွားလာနေသည့် မြို့နေပြည်သူများကို ပါစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင် ပေးခဲ့ကြကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန် မပြတ်လေ့ကျင့်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မ မီးသတ်စခန်းအနေဖြင့် ဘေးအန္တရယ်ဆိုင်ရာ ကိစ္စရပ်များအား ခေတ်မီရှာဖွေရေး သုံးပစ္စည်း များကို အသုံးပြုလျက် ရှာဖွေ ကယ်ဆယ်နိုင်ရေးအတွက် အမြဲမပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

နမ္မတူမြို့နယ်ရှိ စောင့်ကြည့်ထားရှိသူ (၂၆)ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)များ ရယူကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ မန္တလေးဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး

နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ နမ္မတူမြို့နယ်အတွင်းရှိ စောင့်ကြည့်ထားရှိသူ (၂၆)ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)များ ရယူကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ မန္တလေးဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီ အချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် က သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့နယ် Community Based Facility Quarantine Centre သို့ အလှူငွေနှင့် စားသောက်ကုန်များ လာရောက်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျွန်းစု မြို့နယ်၊ အထကကျောင်း၌

ကွတ်ခိုင်မြို့၌ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများကို ODK Application အသုံးပြုနည်း သင်တန်းပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများကို အောက်တိုဘာလ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ODK Application အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများ တပ်မတော်ရဟတ်ယာဉ် အသုံးပြုကာပို့ဆောင်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရမည့် မဲရုံသုံး ပစ္စည်းများကို အောက်တိုဘာ(၁၈)ရက်တွင် ပူတာအိုမြို့မှခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ်ယာဉ်အသုံးပြုကာ ပို့ဆောင်ပေးလျက်ရှိသည်။
Subscribe to