အင်္ဂပူမြို့နယ်၌ Community Based Facility Quaratine Centre များသို့ ထမင်းထုတ်နှင့် ဖြည့်စွက် အဟာရများလှူဒါန်း

အင်္ဂပူ  အောက်တိုဘာ  ၁၉

အင်္ဂပူမြို့နယ်အတွင်းရှိ Community Based Facility Quaratine Centre များသို့ ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေ့လည်စာထမင်းထုတ်နှင့် ဖြည့်စွက်စာများ လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပေးအပ်လှုဒါန်းခြင်းကို မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲရင့်လှိုင် ဦးဆောင်သောအဖွဲ့များမှ အင်္ဂပူမြို့နယ်အတွင်းရှိ Community Based Facility Quaratine Centre သို့ ဝင်ရောက်နေ‌သူများ၊ ကြီးကြပ်ရေးအဖွဲ့များနှင့် ကူညီ‌ဆောင်ရွက်နေသူများအား နံနက်စာထမင်းထုတ်များနှင့် ဖြည့်စွက်အဟာရများလှူဒါန်းခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် Community Based Facility Quaratine Centre (၉)ခု ဖွင့်လှစ်ထားရှိကြောင်းနှင့် နေရပ်ပြန် ၃၀၇ ဦး ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

မန်းကျော်(ပြန်/‌ဆက်)