ငွေဆောင် အ.ထ.က Quarantine Center တွင် အသွားအလာကန့်သတ်ထားသူ ၂၄ ဦး ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရောဂါအဖြစ်များသည့် ဒေသများမှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အ.ထ.ကငွေဆောင် Facility Quarantine Center တွင် (၁၄)ရက်ထားရှိခြင်းနှင့် သတ်မှတ်ရက်ပြည့်မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက် ရှိသည်။

မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရပ်ဘက်ကော်မတီမှ တကူစံပြတိုက်နယ် ဆေးရုံသို့ Oxygen Concentrator နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ) တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့် အရေးပေါ် အသုံးပြုနိုင်ရန်အတွက်မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီမှ ယမန်နေ့က တန်ဖိုးငွေကျပ်(၆၅၀၀၀၀/-)ရှိ Oxygen Concentrator

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ကော်မရှင် အတွင်းရေးများအား မဲရုံဆိုင်ရာသင်တန်းပို့ချခြင်းနှင့် ဆန္ဒမဲပေးပုံအဆင့်ဆင့်ကို သရုပ်ပြခြင်း ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ခန္တီးမြို့နယ်အတွင်း တာဝန်ထမ်းဆောင် မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် ရပ်ကျေးကော်မရှင်အတွင်းရေးမှူးများအား မဲရုံဆိုင်ရာ သင်တန်း ပို့ချခြင်းနှင့် ဆန္ဒမဲပေးပုံ အဆင့်ဆင့်ကို ယမန်နေ့က ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းနှင့် မဲရုံသရုပ်ပြ သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ငွေဆောင်မြို့ အ.မ.က(၁၂၇)တွင် ဖွင့်လှစ်သည်။

တနင်္သာရီမြို့နယ် ပညာရေးမိသားစုမှ တကူစံပြတိုက်နယ်ဆေးရုံသို့ Patient Monitor စက်(တစ်)လုံးလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာပေးကူညီမှုအသင်းက တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုသရေးလုပ်ငန်းနှင့်အရေးပေါ်ကာလများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ Patient Monitor စက် (တစ်)လုံးကို ယမန်နေ့ နံနက်၁၀ နာရီအချိန်က တကူ(စံပြ)တိုက်နယ်ဆေးရုံသို့ သွား ရောက်လှူဒါန်းကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)တပ်ရန် အသိပညာပေးခြင်းနှင့် (mask) မတပ်သူများအား ဒဏ်ကြေးငွေ ပေးဆောင်‌စေခြင်းဖြင့် အရေးယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြို့မဈေးကြီးအတွင်းနှင့် လူအများ သွားလာရာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက်အတွင်း မျိုးကွဲပါဝင်မှု၊ အထွက်နှုန်းနှင့် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်း​ဒေသကြီး ၊ ​ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ စီးပွားဖြစ်မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော စိုက်ခင်း များအတွင်း မျိုးကွဲပါဝင် မှု၊ အပင်ပွား၊ အပင်အမြင့်၊ အပင်ကြံ့ခိုင်မှု၊ အထွက်နှုန်းတိုင်းတာခြင်းနှင့် ပိုးမွှား ရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ တာဝန်ခံ ​ဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီဌာန ဦးစီးမှူး ဦးတင့်ဆွေနှင့် စိုက် ပညာရှင် ဝန်ထမ်းများက အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေ‌ကာ အသိပညာပေးခြင်းများ ခရမ်းမြို့တွင် ဆက်လက် ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင်‌ နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဗန်းမော်မြို့နယ်၌ မဲရုံသုံးပုံစံများ၊ မဲပုံးများ၊ ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပုံစံများ၊ မဲပုံးများ၊ ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများကို ယနေ့နံနက် ၉ နာရီက ထုတ်ပေးသည်။

အုတ်ဖိုမြို့နယ်တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းပို့ချ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အလက (ချမ်းမြသာမြေ) တွင် ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to