ကျောက်ပန်းတောင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင် ထိုးနှံခြင်း အသိပေး ရှင်းလင်းပွဲပြုလုပ်

ကျောက်ပန်းတောင်း၊ အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင် ထိုးနှံ ခြင်းဆိုင်ရာ အသိပေးရှင်းလင်းပွဲအခမ်းအနားကို၊  ယမန်နေ့ နံနက်(၁၁)နာရီက  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ (၂၀၁၀) အောက်တိုဘာ(၁) ရက် နေ့မှ (၂၀၁၁)စက်တင်ဘာ(၃၀)ရက်အတွင်း မွေးဖွားသော၊ အသက်(၉)နှစ်မှ (၁၀)နှစ်အ တွင်း မိန်းကလေးငယ်စုစုပေါင်း (၂၅၂၈)ဦးကို အောက်တိုဘာ (၂၀)ရက်နေ့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (အိတ်ချ်ပီဗီ)ကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက် ဦးက ရှင်းလင်းပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီးက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(အိတ်ချ်ပီဗီ) ထိုးနှံပေးရခြင်း အကြောင်းအရင်းနှင့် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် စုရပ်အလိုက်စတင်းထိုးနှံပေးသွားမည့် အခြေအနေများကိုရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းပွဲအခမ်းအနားသို့ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ဌာနဆိုင် ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများစုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)