သဲကုန်း အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၅၉)ဦး၏ Swab နမူနာများအား (၂၂)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသူ(၄၄)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ(၄)ဦး၊ က၀မြို့မှ ပြန်လာသူ(၃)ဦး၊ Positive လူနာများနှင့် ထိစပ်ခဲ့သူ (၈)ဦး၊ စုစုပေါင်း(၅၉)ဦးတို့၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေးဌာန ဝန်ထမ်းများက နမူနာများ ရယူခဲ့ပြီး ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)