တမူးမြို့နယ်၊ မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ပထမ(၆)လပတ်တွင် ကွန်ကရစ်တံတားခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်တွင် မြို့သစ်မြို့၌ ကွန်ကရစ်တံတားခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွန်ကရစ်တံတားများမှာ မြို့သစ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မလမ်း၌ (၁၈)ပေအကျယ် ကွန်ကရစ် တံတား(၁) စင်း၊ သားသတ်ရုံလမ်း၌ကွန်ကရစ်တံတား (၁)စင်း၊ မြို့မလမ်းတွင် ကွန်ကရစ်တံတား (၁)စင်းအား ငွေလုံးလုံငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၁၅)ပေအကျယ် ကွန်ကရစ် တံတား(၁)စင်းအား သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ စုစုပေါင်းတံတား (၄)စင်း‌ အား သတ်မှတ်ရက်အမှီ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်

မင်းသာကျေးရွာ၌လည်း  (၁၆)ပေ အကျယ် ကွန်ကရစ်တံတား(၂)စင်းအား ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ရန်ရှိကြောင်း မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)