ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Positive လူနာ ၂ ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တံတား အောက်တိုဘာ ၁၈


ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူ နေသည့် ကိုဗစ်−၁၉ Positive လူနာ အမျိုးသမီး(၂)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သဖြင့် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့် ရရှိသည့် အမျိုးသမီး ၂ ဦးအား တံတားမြို့ပြည်သူ့ဆေးရုံတာဝန်ခံ  ဒေါက်တာ ကျော့ဦးရွှေမှ ဆေးရုံဆင်းလက်မှတ်ပေးအပ်ခဲ့ကာ မိမိတို့ နေအိမ်၌ ၇ ရက်ကြာ  Stay at home နေရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တံတားမြို့ မေတ္တာသင်္ဂဟ လူငယ် ပရဟိတ အဖွဲ့မှ  အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)