ဘောဂလိ အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ သိကောင်းစရာများကို ပြသခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် “ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆ ချက်များ၊ ကလေးနှင့်သတင်းအတူကြည့်ပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည် သော မိဘအုပ်ထိန်းမှု အတတ်ပညာ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်ရှောင်ရန်များ” စသည့် အကြောင်းအရာများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ဒေသနေပြည်သူများ ကြည့်ရှုလေ့လာ နိုင်ရန် အတွက် ပြသထားရှိကြောင်း သိရသည်။
နီလာအေး(ပြန်/ဆက်)