အင်္ဂပူမြို့နယ် ရဲမှုထမ်းဟောင်းများအား ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်

အင်္ဂပူ  အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ရဲမှုထမ်းဟောင်းများအား စားရိက္ခာ(၄)မျိုး ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အင်္ဂပူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်းက ထောက်ပံ့ကူညီရခြင်း အကြောင်းအား ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် ရဲမှုထမ်းဟောင်းများ (၂၂) ဦးတို့အတွက် တစ်ဦးလျှင် (၁၄)ရက်စာ နှုန်းထားဖြင့် ဆန် ၃ ပြည် ၅ ဘူး၊ဆီ ၁၈ကျပ်သား၊ ပဲ၄၂ ကျပ်သား၊ ဆား ၂၅ ကျပ်သား နှုန်းဖြင့်ရိက္ခာ ၄ မယ်အား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပေးအပ်ရာ ရဲမှုထမ်းဟောင်းများက လက်ခံခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ရဲမှုထမ်းဟောင်းများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ၁၄ ရက်စာ ဆန်၊ ဆီ၊‌ ဆားနှင့် ပဲ‌ စသော ရိက္ခာများ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)