မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်အလှူရှင်များပူးပေါင်း၍ ပရဟိတအသင်းများအား PPE ဝတ်စုံများ လှူဒါန်း

မြောက်ဥက္ကလာပ     အောက်တိုဘာ  ၁၉


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက် ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင့်လွင်နှင့် အဖွဲ့များက အလှူရှင်များ လှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး PPE ဝတ်စုံများကို မြောက်ဥက္ကလာပ မြို့နယ်ရှိ ပရဟိတအသင်းများဖြစ်သည့် We Love North Okkalapa ပရဟိတအဖွဲ့သို့  PPE ဝတ်စုံ(၄၀)စုံ၊ ထာဝရအလင်းတန်း ပရဟိတအဖွဲ့သို့ PPE ဝတ်စုံ (၄၀)စုံ နှင့် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းသို့ PPE ဝတ်စုံ (၁၀)စုံတို့ကို လှူဒါန်းခဲ့ပြီး ပရဟိတအသင်းများမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပရဟိတအဖွဲ့များအနေဖြင့် မြိုနယ်အတွင်း ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယ လူနာများအား စဉ်ဆက်မပြတ်ခေါ်ဆောင်ပေးလျက်ရှိခြင်းကြောင့် လိုအပ်လျက် ရှိသည့် PPE ဝတ်စုံများကို လှူဒါန်ပေးခြင်းဖြစ်ကြောင်း (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၏ ပြောကြားချက် အရ သိရသည်။
မြမြဝင်း (ပြန်/ဆက်)