ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ဦး ဆေးရုံဆင်းခွင့်ရ

ညောင်ဦး  အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉လူနာ  ၅ ဦးသည် ကျန်းမာရေးကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်း အချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင် ထံကသိရသည်။
ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးမှဆေးရုံဆင်းခွင့်ရသူးများမှာ ပနီတွင်းကျေးရွာမှ ၃ ဦး၊ ရွာလု ၂ဦး ၊ ညောင် ဦး ခရိုင် ပြည်သူ့ဆေးရုံကြီးမှ နံနက် ၁၁နာရီအချိန်တွင် ဆင်း ခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်လည်းစေ့ကာ၊ ကျန်းမာရေးလည်းကောင်းမွန်တဲ့ အတွက် ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူတွေအနေဖြင့် နေအိမ်မှာ Home Quarantine  (၇)ရက်နေ ထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ညောင်ဦး ခရိုင်ပြည်သူ့ဆေးရုံကြီးမှဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ရောဂါအအတည်ပြု လူနာရောဂါပျောက်ကင်း သူများအား ညောင်ဦးဆေးရုံ၊ မြင့်မြတ်သူလူမှုကူညီရေးအသင်း၊ ကရုဏာရှင်အသင်း၊ မြတ်ဒါနလူမှု ကူညီရေး အသင်းတို့မှလူနာတင်မော်တော်ကားဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ တစ်ဦးလျှင် နှာခေါင်း စည်း Mask ၅၀ခုပါ တစ်ဘူးစီ၊လမ်းတွင်စားသောက်ရန် အစားအစာနှင့်သောက်ရေသန့် ဗူးများအား FPA အဖွဲ့တို့ကလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆၄)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၆၂)ဦး၊ ရှိပြီးလက်ရှိ ဆေးရုံကြီးတက်ရောက်ကုသနေသူ (၂)ဦးရှိနေသေးကြောင်း သိရကာ ဆေးရုံဆင်းခွင့်ရရှိသူ ၅ဦးတို့အား ခရိုင်/မြို့နယ်တာဝန်ရှိ သူများကနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD