ကျုံပျော် အောက်တိုဘာ ၁၉
ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက ကျုံပျော်မြို့ ပြည်သူဆေးရုံသို့ Oxygen Concetrator စက်များကို အောက်တိုဘာလ ၁၇ ရက်နေ့က လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကျုံပျော်မြို့၊ ဗိုလ်ချုပ်လမ်းမှ ဦးသန်းစိုး + ဒေါ်ခင်ခင်ဆွေ (စတားရွှေစင်) ရတနာရွှေဆိုင်က အောက်ဆီဂျင်စက် (၃) လုံးနှင့် ၊ ရန်ကုန်မြို့နေ ဦးယွင်သ + ဒေါ်ခင်အေးဝင်း မိသားစုတို့က (၁) လုံး၊ စုစုပေါင်း(၄) လုံးလှူဒါန်းခဲ့ကြရာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့တွင် လက်ရှိကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၃) ဦးရှိနေပြီဖြစ်ပြီး ပိုးတွေ့လူနာ နံပါတ်(၁)မှာ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ် စောင့်ကြည့်ရက်ပြည့်သောကြောင့် အောက်တိုဘာ ၁၃ ရက်က ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ (၁၂) ဦးကို စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)