ဒဂုံမြောက် အောက်တိုဘာ ၁၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံထားရှိမည့် နေရာများဖြစ်သည့် ကျောင်းများ၊ ဓမ္မာရုံများတွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲရုံများပြင်ဆင်ဆောင်ရွက်ရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ မဲဆန္ဒပေးရာတွင် လိုက်နာ ရမည့် လုပ်ထုံးလုပ်နည်းများနှင့်အညီပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မဲရုံပေါင်း (၁၅၄) ရုံထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၇၄၄၈၆)ဦး၊ မ (၈၆၁၀၃) ဦး၊ စုစုပေါင်း(၁၆၀၅၈၉)ဦး ရှိကြောင်းသိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)