ရန်ကုန် အောက်တိုဘာ ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သင်္ဃန်းကျွန်းစံပြပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးတွင် လိုအပ်နေသည့် Syringe Pump စက်(၄) လုံး ဝယ်ယူရန် စေတနာရှင် ပြည်သူများစုပေါင်းလှူဒါန်းသော ငွေကျပ်(၂၄)သိန်း ကို ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာ ကျော်စွာဦး တို့က အလှူရှင်များကိုယ်စား သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး သို့ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံ အုပ်ကြီး ကိုယ်စားတာဝန်ရှိသူတစ်ဦးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)