မြောက်ဥက္ကလာပမြို့နယ် အ-မ-က(၁၂) Quarantine Centre သို့ ကြက်ဥ၊ PPE ဝတ်စုံနှင့် MASK များ လှူဒါန်း

မြောက်ဥက္ကလာပ     အောက်တိုဘာ  ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီသို့ အ.မ.က(၁၂)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre ရှိ  Quarantine ဝင်ရောက်နေသူများနှင့် Volunteer အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ ကြက်ဥ၊ PPE ဝတ်စုံနှင့် MASK များကို  ယမန်နေ့ နံနက် ၁၀ နာရီ ကလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် (ဈ)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်များမှ PPE ဝတ်စုံ (၁၀)စုံ၊ မောင်ဇေယျာနိုင်(၁၂)နှစ်ပြည့် မွေးနေ့အလှူအတွက် Mask (၁၀)ဗူးနှင့် ကြက်ဥ အလုံး(၃၀၀) တို့ကို လာရောက်လှူဒါန်းရာ (ဇ)ရပ်ကွက်၊ စေတနာရှင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့်   Quarantine Center တွင်  Quarantine ဝင်ရောက် နေသူများနှင့် Volunteer များ အတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက (ဇ)ရပ်ကွက် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်း ဖုန်း-၀၉ ၅၁၇၂၄၂၃သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)