နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ (၂)ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

နောင်ချို အောက်တိုဘာ ၁၉

ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ်၊ ခြေမြစ်ပင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်  Test  Kit ဖြင့် စစ်ဆေးချက်အရ အောက်တိုဘာလ (၈) ရက်နေ့တွင် ပိုးတွေ့ရှိသူ ယာဉ်မောင်း (၁)ဦးနှင့် ၎င်း၏ ယာဉ်နောက်လိုက် (ပိုးမတွေ့) (၁)ဦး၊ အောက်တိုဘာ(၉)ရက်နေ့တွင် ပိုးတွေ့ရှိသူယာဉ်မောင်း (၁)ဦးတို့အား ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်ပိုင်း က ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူများမှာ အမရပူရဇာတိဖြစ်သောကြောင့် အဆိုပါယာဉ်မောင်း (၁)ဦးနှင့် ယာဉ်နောက်လိုက် (၁)ဦးတို့အား နောင်ချိုမြို့နယ် ဖြူစင်မေတ္တာပရဟိတအသင်းမှ ၎င်းတို့နေရပ် အမရပူရသို့  ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး မူဆယ်ယာဉ်မောင်းအား နောင်ချိုမြို့ပေါ်ရှိ Quarantine  Centre သို့  လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထွေးငယ် (နောင်ချို၊ပြန်/ဆက်)