လောက်ကိုင် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် အသက်(၉) နှစ်မှ (၁၄)နှစ်အတွင်း အမျိုးသမီးများ အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပေးတင်ပြခြင်း အခမ်းအနားအား ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်း ပပြု လုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးမှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ထွန်းငြိမ်း မှ(HPV) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက (HPV) ကာကွယ် ဆေးနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေး ကြသည်။
အခမ်းအနားသို့ ဌာန ဆိုင်ရာများ၊ ကြက်ခြေနီ အဖွဲ့အစည်း၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။ (HPV) ကာကွယ်ဆေးကို အောက်တိုဘာလ (၂၀) ရက်နေ့မှစ၍ အသက်(၉)နှစ် မှ (၁၄)နှစ်အတွင်း အမျိုးသမီးများအား စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းခွာညိုနှင်း