မြစ်သား အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPVသားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲ အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့ကတက်ရောက် အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာများနှင့် ဆေးထိုးနှံမည့် အစီအစဉ်များအား ရှင်းလင်းပြီး မြစ်သားမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မြစ်သားမြို့ နယ်အတွင်းရှိ အသက်(၉) နှစ်မှ(၁၀)နှစ်အတွင်း မိန်းကလေးငယ်များကို အောက်တိုဘာ (၂၀)ရက်နေ့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးHPV ပုံမှန် ကာကွယ် ဆေးထိုးနှံခြင်းအစီ အစဉ် တွင် ထည့်သွင်းထိုးနှံ သွားမည်ဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်အုန်းကြည် မြို့နယ် အုပ်ချုပ် ရေးမှူးဦးအောင်မိုး၊ နှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာ စိန်ပို၊ မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးမှူး ဒေါက်တာနေခြည် သိန်းဝင်းနှင့် ကျန်းမာရေး ဆရာ/ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင့်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
မြမြမွန်(ပြန်/ဆက်)