သီပေါ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ Quarantine Centre (၃)ခုတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူနေသူများအတွက် အာဟာရအလှူဒါနအဖြစ် နေ့လယ်စာ ထမင်းဟင်း ဘူးများကို အလှူရှင်များက ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ Quarantine Centre (၃)ခုသို့ သွားရောက် လှူဒါန်းပေးခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသည့် သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ရွှေဟင်္သာ စားသောက်ဆိုင် မိသားစုမှ နေ့လယ်စာ ထမင်းဟင်းဘူး (၂၅၂)ဘူးတို့အား မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် နေရာများဖြစ်သော အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူနေသူ ပညာရေးဝန်ထမ်း ဆရာ/မ (၂၂၂)ဦးနှင့် တာဝန်ကျ ဆရာ/မ (၃၀)ဦး စုစုပေါင်း(၂၅၂)ဦး အတွက် လာရောက်လှူဒါန်းပေးခဲ့ရာ အဆိုပါ Quarantine Centre များရှိ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)