ကွမ်းလုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မြို့နယ်ကြိုတင်မဲပုံးအတွင်း မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများ စတင်ထည့်သွင်းခြင်း ဆောင်ရွက်

ကွမ်းလုံ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မြို့နယ်ကြိုတင်မဲပုံးအတွင်း မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲများ စတင်ထည့်သွင်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်မဲများအနေဖြင့် လားရှိုးအကျဉ်းထောင်မှ ပေးပို့လာ‌သည့် ကွမ်းလုံမဲဆန္ဒနယ်မှ (၃)ဦး၏ ကြိုတင်မဲများဖြစ်ပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ခိုင် က ကြိုတင်မဲပုံးခါပြခြင်း၊ မဲပုံးချိတ်ပိတ်ဆောင်ရွက်ခြင်းနှင့် ကြိုတင်မဲများကို မဲပုံးအတွင်း ထည့်သွင်းခြင်းများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီကိုယ်စားလှယ်များ အရှေ့ တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီကိုယ်စားလှယ်များ မေးမြန်းဆွေးနွေးမှုများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအေးနှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)