ကျိုက်မရော အောက်တိုဘာ ၁၉
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၂ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အမှာစကား ပြောကြားပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်က သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသောမေးခွန်းများကို မေးမြန်း ဆွေးနွေးရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာအများစုသည် ပထမအဆင့် ကာကွယ်ခြင်းဖြစ်သည့် HPV ကာကွယ်ခြင်းနှင့် ဒုတိယအဆင့် ကာကွယ်ခြင်းဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးခြင်းနှင့် တတိယအဆင့် ကာကွယ်ခြင်းဖြစ်သည့် လိုအပ်သော ကုသမှုတို့ကို တစ်ပြိုင် နက် လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်းသိရသည်။
ချိုချို (ပြန် / ဆက်)