မေတ္တာမြို့၌ ၂၀၂၀ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိ ပညာပေး စာစောင်များပြသ

မေတ္တာ အောက်တိုဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံး ရှေ့နံရံကပ် ပြဘုတ်၌ ယမန်နေ့ နေ့လယ်ပိုင်းကအ သိပညာပေး စာစောင် များကိုပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးစာစောင်များတွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ  ဆိုင်ရာ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာမေးခွန်းများနှင့် အဖြေ များ၊ ဆန္ဒမဲထည့်ဖို့မမေ့ ပါနဲ့၊ ဆန္ဒမဲမပေးခင်သင် ကူညီဆောင်ရွက် နိုင်သည့်အချက်များ၊ မဲရုံးအတွင်းဘေးကင်းလုံခြုံမှုရှိစေရန်သင်ကူညီ ဆောင်ရွက်နိုင်သည့် အချက်များနှင့် ကျန်းမာရေးဆိုင်ရာအိတ်ခ်ျပီဗီကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ် သက်သည့် အသိပညာပေး ပို့စတာများ၊ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ /အုပ်ထိန်းမှု အတက်ပညာနှင့် ကျန်းမာရေးနည်း လမ်းများပါရှိသည့်နံရံကပ်စာစောင်များကိုပြသပေး ထားကြောင်းသိရှိရ သည်။
ရန်နောင်စိုး