ရွှေပြည်သာ မြို့နယ်ကိုဗစ်-၁၉ကော်မတီသို့အလှူငွေများ၊ဆီပုံးနှင့်ထမင်းဘူးများလာရောက်လှူဒါန်း

ရွှေ ပြည်သာ    အောက်တိုဘာ     ၁၉

 

ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်    ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့်  ကာကွယ် ထိန်းချုပ်နိုင်စေရန်  ရည်ရွယ်၍  ကိုဗစ်-၁၉    ပိုးတွေ့လူနာများနှင့်စပ်ဆက်ထိတွေ့သူများအား  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ  Quarantine    Centre     များတွင်ထားရှိပြီး ကျန်းမာရေးနှင့် အညီဆောင်ရွက် ပေးလျက်ရှိရာ Quarantine Centre များ တွင်အသုံးပြုနိုင်ရန်အတွက်  ရွှေပြည်သာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိဒေါ် ခင်စိန်မိသား စုမှအလှူ‌ငွေ(၃)သိန်းကျပ်၊အမှတ်(၁၅)ရပ်ကွက်ရှိ ဦးမြတ်ထွန်းဦး+ ဒေါ်ငြိမ်းငြိမ်းမော်  မိသားစုမှ ဆန်(၃)အိတ်၊ဆီ(၂)ပုံး၊အမှတ်(၅)ရပ်ကွက်ရှိ “ဇော်”ကြက်ဥရောင်းဝယ်ရေး မှအလှူငွေ(၂) သိန်းကျပ်၊စက်မှုဇုန်(၁)မှဦးစိုးလှိုင် (စိန်တံဆိပ်ခေါက်ဆွဲ)မှ ထမင်းဘူး(၃၀၀)ဘူးတို့အား  မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ ယမန်နေ့က လာ‌ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့  လှူဒါန်းရာတွင်မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ နာယက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်မင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမိုးကျော်အောင်နှင့်

စေတနာ့ဝန်ထမ်းအဖွဲ့တို့က လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကာ      လှူဒါန်းကြသော အလှူရှင်များအား   မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကိုဗစ်- ၁၉‌ရောဂါ ကာကွယ်‌ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အေးအေးမိုး    ( ပြန်/ဆက်)