သန်လျင် အောက်တိုဘာ ၁၉
မြန်မာနိုင်ငံအမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့မှသန်လျင်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်ပါဝင်ကူညီလျက်ရှိသည့် ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ပွဲ ကိုယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပ သည်။ ရှေးဦးစွာသန်လျင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးလွင်ကိုလတ်နှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က ကိုဗစ်ကာကွယ်တိုက် ဖျက်ရေးလုပ်ငန်းများတွင်နေ့ညအားထည့် ပါဝင်ကူညီကြသည့် အဖွဲ့များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်ပါဝင်ကူညီ ဆောင်ရွက် လျက်ရှိသည့် ပရဟိတအဖွဲ့များ အားအမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှထောက်ပံ့ပေး မည့်အစီ အစဉ်များ အားခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ရှင်းလင်း တင်ပြပြီး သန်လျင်မြို့နယ်မှကိုဗစ်တိုက်ဖျက်ရေး ပရဟိတလုပ်ငန်းများတွင်ပါဝင်ကူညီလျက် ရှိသည့်အသင်းအဖွဲ့ ၂၅ဖွဲ့အတွက် တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ်(၁) သိန်းစီကိုသန်လျင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် တာဝန်ရှိသူများ ကထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သန်လျင်မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးအတွက် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ ၂၅ဖွဲ့တို့က နေ့ည ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)