ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းဝင် ၅၂ ဦးကို ငွေကျပ် ၄၃၆ သိန်း ပြန်လည် ထုတ်ချေးပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာအုပ်စုအတွင်းရှိ (တပ်လွင်+ ဆင်ကုန်း+ ကျောက်တော) မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးရွာတစ်ယူနစ်အတွက် ဆဌမအကြိမ် လည်ပတ်ရန်ပုံငွေကျပ် (၄၃၆) သိန်းအား စီမံကိန်းအသင်းဝင်(၅၂)ဦးကို ယမန်နေ့က လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။