နောင်မွန်မြို့နယ်၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ မလိခညီအစ်ကိုများ (ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်)မှ လှူဒါန်းသော နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်ကဆောင်ရွက်ခဲ့သည်။

ဟိုမိန်းမြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးငယ်များ ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ က အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (၁၃)ခုမြောက် ကာကွယ်ဆေးဖြစ်သည့် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီခန့် က ကျိုင်းတောင်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဦးအီတာလေး အိမ်၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကြီး (APTB-Yangon)က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် Quarantine Center ဆောင်ရွက်ထားရှိသော အမက(၃) ကျောင်းနှင့် အလက(၁)ကျောင်းများသို့ ဆပ်​​ပြာဆီဘူး၊ ရေမလိုလက်သန့်ဆေးရည်ဘူးနှင့် ကလိုရင်း ပိုးသတ်ဆေး mmk (12 liter)ဘူး၊ rubber glove ၊ Mask များနှင့် အလှူငွေများ လှူဒါန်းပေးခြင်းကို ယမန်နေ့ နေလယ်အချိန်က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဒေါပုံမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတ၌ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၉နှစ်မှ ၁၀နှစ်အထိ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကလေးဝမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ် ၃ အခြေခံပညာမူလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ နမ်ဟင်ကျေးရွာတွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန် အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခန့်ခဲကျေးရွာအုပ်စု၊ နမ့်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန် က ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော် ဦးဆောင်သော အဖွဲ့တို့ကွင်းဆင်းပြီး ဒေသခံပြည်သူများအား မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန်အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ ပန်းရွှေဝါပန်းခြံ သာယာလှပစေရေး သန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် ပန်းရွှေဝါပန်းခြံ၌ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ကုတင် ၁ဝဝ ဆေးရုံကြီးတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအား နှစ်ဆယ့်လေးနာရီ အချိန်တိုင်း ကရုစိုက်ကုသ ပေးလျက်ရှိကြသော ဆေးရုံအုပ်ကြီးဒေါက်တာ စန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန် ပစွည်းများလှူဒါန်းခြင်း၊ ဆေးရုံကြီးတွင်အသုံးပြုရန် ဆေးရုံသုံးပစ္စည်းများ ကျပ်(၂၆,၂ဝဝဝဝ) နှစ်ဆယ့်ခြောက်သိန်းနှစ်သောင်းကျပ် ပေးအပ်လှူဒါန်းခြင်းအား ယမန်နေ့ ညနေ ၄ နာရီက အလှူ့ရှင်ရွှေဥဒေါင်းရွှေဆိုင် မိသားစုကိုယ်စား တွဲလက်များ ပရဟိတအဖွဲ့ ဦးအောင်ကိုဝင်း (အောင်ကြီးတက်တူး)မှ လှူဒါန်းပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာ‌ရေး ဝန်ထမ်းများက လက်ခံသည်။
Subscribe to