တန့်ယန်းမြို့နယ်တွင် ပါရမီရှင်ပရဟိတအသင်းမှ နံနက်စာနှင့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါရမီရှင်ပရဟိတအသင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်းနှင့် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေကြသော ပညာရေးဝန်ထမ်း ဆရာ/မများအတွက် စားရေးသောက်ရေး အဆင်ပြေစေရန် နံနက်စာနှင့် စားသောက်ဖွယ်ရာများကို ယနေ့ နံနက်ပိုင်း က ပေးအပ်လှူဒါန်းခဲ့သည်။

မအူပင်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် မဲထည့်နည်း သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် မဲထည့်နည်း သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၄) အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကန်ပက်လက်၌ ၂၀၂၀ ပြည့်နှစ် အ​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းဖွင့်လှစ်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

တာလေမြို့၌ ခရီးသွားပြည်သူများ ကျန်းမာရေးထောက်ခံချက် ပါ/မပါ စစ်ဆေး၍ ပါရှိမှသာ မြို့တွင်းသို့ ဝင်ရောက်ဖြတ်သန်းခွင့်ပြု

ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်ပြန့်နှံ့မှုများ မြင့်မားလာခြင်းကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။

မအူပင်မြို့တွင် ကမ္ဘောဇဘဏ်မိသားစုမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မအူပင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကမ္ဘောဇဘဏ် မိသားစုမှ မအူပင်မြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့သည်။

နောင်ချိုမြို့၌ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး

ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၀ရက်နေ့နှင့် ၂၁ ရက်နေ့က ဈေးရပ်ကွက်ဓမ္မာရုံနှင့် တောင်ရပ်ကွက်ဓမ္မာရုံတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နောင်တရားမြို့၌ Online မှတစ်ဆင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ကိုယ်ကာယလေ့ကျင့်ခန်း တင်ဆက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မိမိတို့အိမ်တွင် နေထိုင်ပြီး Online မှတစ်ဆင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လေ့ကျင့်နိုင်စေရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပင်လောင်းမြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

ပူတာအိုခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်သတ္တု(သဲ/ကျောက်) ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဦးဆောင်သော သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ပူတာအိုနှင့် မချမ်းဘော့မြို့နယ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် အတွက် ဓာတ်သတ္တု(သဲ/ကျောက်) ထုတ်လုပ်ခွင့်လိုင်စင် လျောက်ထားမှုများအပေါ် ထုတ်လုပ်ခွင့်လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထုတ်လုပ်ခွင့်ပြုပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့မရဲစခန်းရှေ့၌ ယနေ့နံနက်ပိုင်း က ဆောင်ရွက်သည်။

လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ပုံစံ(၁၅)ဖြင့် လျှောက်ထားသော ကြိုတင်မဲဆန္ဒရှင်များ လာရောက်မဲပေး

လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ယနေ့နံနက် (၁၀)နာရီခွဲအချိန် က ကိုဗစ်-၁၉ ကြောင့် မိမိမဲဆန္ဒနယ်သို့မပြန်နိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲဆန္ဒရှင်များ ဆန္ဒမဲလာရောက်ပေးကြောင်း သိရသည်။
Subscribe to