မြစ်သား၌ ကျေးရွာသုံးစိုက်ခင်း (၃၅) ဧကမှထွက်ရှိသော ထင်း (၁၉) တန်အား ပွဲလုံးကျော် ကျေးရွာသို့ လွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သော ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကမှ ထွက်ရှိသောထင်းများအား လွှဲပြောင်းပေးအပ်ခြင်းကို ထင်းခုတ်လှဲထုတ်ယူခွင့်ပြုထားသော ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်းအတွင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်၊ တောအုပ်ကြီး ဒေါ်တင့်တင့်ခိုင်၊ မြစ်သား မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်လင်းအောင်၊ တောအုပ်ကြီး ဦးသူရိန်ဌေး၊ တောအုပ်ကြီး ဦးဇင်ကို၊ စိုက်ခင်းဝန်ထမ်းများ၊ ထိန်ကန်ကြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ ကြသည်။

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းဖွင့်ပွဲ ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံမည့်ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ငပု‌တောမြို့နယ် ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ပြုလုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် သပြေခန်းမတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ပညာပေးသင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံ(၁၇၆)ရုံတွင် တာဝန်ယူဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အောင်ဆန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူရှင် များမှ အလှူငွေ၊ အစားအသောက်နှင့် အောက်စီဂျင်တိုင်းစက်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များက အလှူငွေ၊ အစားအသောက်နှင့် အောက်စီဂျင်တိုင်းစက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် သက်ဆိုင်ရာ နေရာများသို့ ယမန်နေ့ နံနက်ပိုင်းက ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြသည်။

မတူပီမြို့နယ်တွင် မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ဝေပေးနိုင်ရေး စစ်ဆေးဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များအား စနစ်တကျ ထုတ်ဝေပေးနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့ ရပ်ကွက်(၂)ရုံးတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)ရုံးတွင် အသက်ကိုးနှစ်မှ ၁၀ နှစ် အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန် က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အ​လှူငွေများ လာရောက်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ချီဖွေငယ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ (SPIC)မှ ရစ်ကျော်ကျေးရွာအုပ်စု ချီဖွေချောင်း လူကူးကြိုးတံတား ပြုပြင်နိုင်ရေး၊ ချီဖွေမြို့နယ် ပညာရည်ချွန် ဆုပေးအပ်ချီးမြှင့်နိုင်ရေး၊ လုပိကျေးရွာအုပ်စု ကျေးလက် ဆေးပေးခန်းနှင့် ပန်ဝါတိုက်နယ်ဆေးရုံ ပြုပြင်မွမ်းမံနိုင်ရေးနှင့် ချီဖွေမြို့နယ်ဆေးရုံကြီးတွင် ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးများဝယ်ယူ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက် လှူဒါန်းခြင်းကို အောက်တိုဘာလ(၂၀)ရက် ညနေ(၃)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျီခါးမြို့၌ သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီး ငယ်များအား Human Papilloma virus ( HPV ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျီခါးလူငယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကြိုတင်ဆန္ဒမဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ ရာ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to