ဘုတလင်မြို့တွင် COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ယမန်နေ့ နံနက်ပိုင်းက COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။