ကြံခင်း အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြည့်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ဖြစ်ပြီး အမှိုက်အိတ် (၂၄၀) အိတ်၊ Apron (၃) ပုံးနှင့် Gloves (၂၀၀) ခုတန်ဖိုးငွေကျပ် (၅၇၇,၀၀၀) ရှိ ပစ္စည်းများ ကို ကြံခင်းမြို့ (၅၅၅) မုန့်တိုက်မိသားစုမှ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)