နတ်မောက်မြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများ ဈေးကောင်းရသော်လည်း ပဲတီစိမ်းအထွက်နှုန်းကျဆင်း

နတ်မောက်    အောက်တိုဘာ  ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ဈေးနှုန်းကောင်းရရှိ သော်လည်း မိုးဦးမိုးရွာသွန်း မှုနည်းပါးခြင်းကြောင့် ပဲတီးစိမ်းအထွက်နှုန်းကျဆင်းနေကြောင်း သိရသည်။

ကျေးလက်နေ တောင်သူများအနေဖြင့် ပဲတီစိမ်းစိုက်ပျိုးခြင်းကို ဝါဆို၊ ဝါခေါင်လများတွင် ထွန်ယက် စိုက်ပျိုး ခြင်းဖြစ်ပြီး စိုက်ပျိုးပြီး (၄၅)ရက်အကြာ စတင်ဆွတ်ခူးရသည်။ ဆွတ်ခူးရရှိသော ပဲတီစိမ်းများကို နေလှန်း၍ အစေ့ထုတ်ပြီး ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချရာတွင် ပဲတီစိမ်းတစ်တင်းလျှင် သုံးသောင်း ကျော်ခန့် ရရှိကြောင်း သိရပြီး ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ဈေးနှုန်းကောင်းရသော် လည်း မိုးရွာသွန်းမှု နည်းခြင်းကြောင့် ပဲတီစိမ်းအပင်ဖြစ်ထွန်းမှုအားနည်းပြီး အဖူးအပွင့် ပွင့်မှုနည်းပါး သောကြောင့် ပဲတီစိမ်း အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်း ကျေးလက်နေတောင်သူ တစ်ဦးထံမှ  သိရသည်။

လှဝင်း (နတ်မောက်)