ပွင့်ဖြူမြို့နယ်၌ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများအတွက် မဲရုံသုံးပစ္စည်းများ လွှဲပြောင်း ပေးအပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သော မဲရုံသုံးပစ္စည်းများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခြင်းကို အောက်တိုဘာ ၂၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြ ဘုတ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ပိုစတာများကို ပြသပေးလျက်ရှိသည်။

ကျိုင်းလပ်မြို့တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်နိုင်စေရန်နှင့် မီးငြှိမ်းသတ်ပုံများ သရုပ်ပြကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မီးဘေးလုံခြုံရေးအတွက် ကျေးရွာ/ရပ်ကွက်အတွင်း မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်စေရန်နှင့် မီးငြိမ်း သတ်ပုံများ သရုပ်ပြ ဆောင်ရွက်ခြင်းကို ကျိုင်းလပ်မြို့ အမှတ် (၃)ရပ်ကွက်၊ ဝမ်ကျင်းကျေးရွာတွင် ယနေ့နံနက်ပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့နယ်၌ မသန်စွမ်းသူ (၁၉)ဦးအား နိုင်ငံတော်မှထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်းမသန်စွမ်းသူ စုစုပေါင်း (၁၉)ဦးအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်များအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ (၈)ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား

ဒေါပုံမြို့နယ်၊ အထက(၁)ကျောင်းနှင့် အလက (၁)ကျောင်း Quarantine Centre များသို့ နေ့လယ်စာထမင်းဘူး (၂၀၀) ဘူးများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လမုတန်းရပ်ကွက်၊ အထက(၁) ကျောင်းနှင့် ယမုံနာ(၁)ရပ်ကွက် အလက(၁)ကျောင်းများရှိ Quarantine Centre များသို့ ယမန်နေ့နေလယ်ပိုင်းအချိန်က ထမင်းဘူး(၂၀၀) ဘူး လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆောမြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျန်းမာရေးဌာနက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် ဇနီးမိသားစုတို့မှ အင်္ဂပူမြို့နယ် အတွင်းရှိ Community Based Facility Quarantine Centre များသို့ နေ့လယ်စာထမင်းထုပ်များ လှူဒါန်း

အင်္ဂပူမြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre များသို့ ယမန်‌နေ့နံနက် ၁၁ နာရီက ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် မိသားစုတို့မှ နေ့လည်စာ ထမင်းထုတ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် နှင့် အလှမ်းဝေးသော ချောင်းဦးကျေးရွာရှိ ရေလုပ်သား အိမ်ထောင်စု ၁၃၀ စု အတွက် ဆန် နှင့် ဆီ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်များကို အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးမှ လိုက်လံထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နှင့်အလှမ်းဝေးသော ညောင်ချောင်းကျေးရွာအုပ်စု ချောင်းဦးကျေးရွာရှိ ရေလုပ်သား အိမ်ခြေ ၁၃၀ အတွက် ဆန်နှင့် ဆီများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အောင်သပြေရပ်ကွက်အတွင်းရှိ မြို့ဦးဆုတောင်းပြည့်ဘုရား၌ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Subscribe to