ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ဆေးရုံသို့ အဖြူရောင်နှလုံးသားများအဖွဲ့မှ PPE ဝတ်စုံများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ အဖြူရောင် နှလုံးသားများ လူမှုအကျိုးပြုအဖွဲ့မှ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် PPEဝတ်စုံ (၄၀)စုံအား ပေးအပ်လှူဒါန်းခဲ့သည်။

ပိုင်ကျုံမြို့ နို့ဖိုးခီးကျေးရွာနှင့် ကွီးသောခယ်ကျေးရွာများရှိ ရွာတွင်းလမ်း လုပ်ငန်းဆောင်ရွက် နိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ နို့ဖိုးခီးကျေးရွာနှင့် ကွီးသောခယ်ကျေးရွာများတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် လမ်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နို့ဖိုးခီးကျေးရွာ၌ ယမန်နေ့က နည်းပညာအစည်းအဝေး ပြုလုပ် ခဲ့ကြောင်း သိရသည်။

စုကလိမြို့ ပြည်သူ့စာကြည့်တိုက် page တွင် ပယ်မဲနှင့် ခိုင်လုံမဲအကြောင်း သိကောင်းစရာ အသိပညာပေးအစီအစဉ်အား အွန်လိုင်းမှတစ်ဆင့် တင်ဆက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ကိုယ်တိုင်ရွေးချယ် တင်မြှောက်ကြမည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီအား မဲပေးရာတွင် ပယ်မဲ မဖြစ်စေရေး နှင့် ခိုင်လုံမဲဖြစ်စေရေးအတွက် ပယ်မဲနှင့်ခိုင်လုံမဲအကြောင်း သိကောင်းစရာ အသိပညာပေး အစီအစဉ်အား အွန်လိုင်းစနစ်ဖြင့် ယမန်နေ့က တင်ဆက်ပေးခဲ့သည်။

ကန်ကြီးထောင့်မြို့၌ ဈေးဆိုင်များ သတ်မှတ်ချိန်အတွင်း ပိတ်သိမ်းမှု ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ရှိ မြို့မဈေးနှင့် မြို့တွင်းဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချိန်အတွင်း ပိတ်သိမ်းခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများမှ ယမန်နေ့မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယ​နေ့နံနက်၉ နာရီခွဲက ပူတာအိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

တုံတာမြို့၌ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းစံကွက်များ ရိတ်သိမ်းခြင်းလက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စံကွက်များ ရိတ်သိမ်းခြင်း လက်တွေ့သရုပ်ပြသခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်းကို တာဝန်ရှိသူများက တုံတာမြို့ ရပ်ကွက်-၄ ရှိ တောင်သူ ဒေါ်နန်းကောင်ရှန်၏ ရွှေရင်အေး RS-CS မျိုးစေ့ထုတ် စံပြစိုက်ခင်း ၃ဧကတွင် ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

ကျီခါးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ပင်လုံမြို့ မြို့မဈေးနှင့် ယာယီပျံကျဈေး၌ နှာခေါင်းစည်း Mask မတပ်ဆင်သူများအား အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း၌ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးသောင်းထွန်းဇော်နှင့် ဝန်ထမ်းများ က ပင်လုံမြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူများ ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက် စည်းကမ်းများလိုက်နာခြင်းမရှိဘဲ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး လှည့်လည်ဆော်ဩခြင်းကို ယနေ့နံနက်ပိုင်း (၀၉:၀၀)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့ဝင်၌ ကျန်းမာရေးစစ်ဆေးရေး ဂိတ်နေ့စဉ် ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် နေ့စဉ်နံနက်(၆)နာရီမှ ည(၉)နာရီ အချိန်အထိ မြို့အ၀င်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လပွတ္တာ၌ မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦများ ကြည့်ရှုစစ်ဆေးရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦများ ကြည့်ရှုစစ်ဆေးရေး လုပ်ငန်းတာ၀န်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်သည်။
Subscribe to