မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံ သန့်ရှင်း သာယာလှပရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရေနံချောင်း အောက်တိုဘာ ၂၂

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရံပုံငွေ ကျပ်သိန် ၆၀၀ ဖြင့် ရေနံချောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သည့် ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင်ရင်ပြင် သာယာလှပရေး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမျိုးနိုင်ထံ က သိရသည်။

ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံနှင့် ကျောက်တိုင်ရင်ပြင်တွင် အများပြည်သူ စိတ်လက်ပေါ့ပါးစွာ အနားယူ အပန်းဖြေနိုင် စေရန်အတွက် ပန်းခြံအတွင်း မီးတိုင်စိုက်ထူခြင်း၊ အပန်းဖြေ နားနေဆောင်များ ပြုလုပ်ခြင်း၊ လျှောက်လမ်းများခင်းခြင်း၊ အင်ကြင်းကျောက်တုံးရေတံခွန် ပြုလုပ်ခြင်း၊ ဒါန်းလေးစင်နှင့် စီးလျှောများပြုလုပ်ခြင်း၊ လျှပ်စစ်မီးကြိုးများ အသစ်လဲ လှယ်ခြင်း၊ Control Panned တပ်ဆင်ခြင်း၊ ဆလိုက်မီးများလဲလှယ်ခြင်း၊ ရောင်စုံ အလှမီးများထွန်းညှိခြင်း၊ မြေယာရှုခင်း ပြုလုပ်ခြင်း၊ လွပ်လပ်ရေးကျောက်တိုင်ပြည်သူရင်ပြင် ကွန်ကရစ် ခင်းခြင်းမီးတိုင်များ စိုက်ထူခြင်းစသည့် လုပ်ငန်းများကို ကုန်ကျငွေကျပ်သိန်း ၆၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ကိုစိုးကြီး