တာလေမြို့၌ Home Quarantine ပြုလုပ်ထားသော နေရပ်ပြန်ပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသုံးကုန်ပစ္စည်းများကို Home Quarantine ၂၁ ရက် ပြုလုပ်ထားသော နေရပ်ပြန် ပြည်သူများအား ဩဂုတ် ၄ ရက်မွန်းလွှဲပိုင်းက ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။