ပင်လုံမြို့ မြို့မဈေး၌ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား အရေးယူမှု စတင်ဆောင်ရွက်

 

ပင်လုံ    အောက်တိုဘာ   ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေး၌ လွိုင်လင်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီနှင့် ဌာနမှတာဝန်ရှိသူများက ပင်လုံမြို့မဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူ များအား ယနေ့ နံနက်ပိုင်းက နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို အရေး ယူမှု စတင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုတွင် လွိုင်လင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် ဌာနမှ တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ပင်လုံမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး ပင်လုံမြို့မဈေးအတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသည့် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား စာရင်းပြုစုထားခြင်းများပြုလုပ်၍ စည်းကမ်းလိုက်နာမှုအားနည်းသူ (၂၀၉)ဦးတို့ကို ဒဏ်ငွေ (၁၅၀)ကျပ်၊ Mask တန်ဖိုး(၅၀)ကျပ်၊ စုစုပေါင်း (၂၀၀)ကျပ်စီကို ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါဒဏ်ငွေ (၃၁၃၅၀)ကျပ် အား လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ သို့ပေးသွင်းပြီး၊ Mask တန်ဖိုးငွေ (၁၀၄၅၀) ကျပ်အား Mask များပြန်လည်ဝယ်ယူဖြည့်တင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ(ပြန်/ဆက်)