ခင်ဦးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေးပြင်ဆင်လျှောက်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒ ရှင်စာရင်း များကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက် များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရွှေဘိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

အလုံမြို့နယ်၌ စည်ပင်ဝန်ထမ်းမိသားစုများအား ထမင်းဘူးများ လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်စည်ပင်ဝင်း ဝန်ထမ်းမိသားစုများအား  ကြက်ဥသီးစုံ ထမင်းဘူးများကို   ယမန်နေ့  မွန်းလွဲ(၁၂)နာရီကအလုံစည်ပင်တပ်ခွဲမှူးရုံးတွင်  အလှူရှင် ဦးမိုးအောင် (အိုပရဟိတအဖွဲ့) က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိသည်။

လျှပ်စစ်အန္တရာယ်‌ ကင်းရှင်းစေရန် အန္တရာယ်ရှိ (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား အသစ်လဲလှယ်ခြင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မိုးရာသီကာလအတွင်း အများပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့ အတွက် ယနေ့ နံနက် (၈)နာရီက အမှတ်(၁၃) ရပ်ကွက် ဆည်တော်(၂)လမ်း၊ ဆည်တော်(၃)လမ်းတို့၌ အန္တရာယ်ရှိ ကျိုးပဲ့နေသော (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား လာရောက်လဲလှယ်ပေးခဲ့ကြောင်း သိရ သည်။

ဗန်းမော်မြို့တွင် မဲဆန္ဒရှင်ပြည်သူများထံ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများတို့က ပူးပေါင်း၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ကို ယနေ့ နံနက် ၈ နာရီတွင် ဗန်းမော်မြို့ သီရိရတနာဈေး၊ အမှတ်(၂)ဈေးနှင့် ကုက္ကိုလ်တော ဈေးအတွင်းသို့ မဲဆန္ဒရှင်များထံ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အလုံမြို့နယ်၌ ပုံမှန်ကာကွယ်​ဆေးထိုး၊ ​ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းကို သြဂုတ်လ(၁)ရက်​​နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူးရုံးတွင် ​​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လစ်လပ်နေမှုများအား ဖြည့်စွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို ဇူလိုင်(၂၅)ရက်နေ့မှ စတင်၍ကြေညာ ကပ်ထားပေးခဲ့ရာ အဆိုပါ အမည်စာရင်း များတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်အမှတ် လစ်လပ်နေမှုများရှိသဖြင့် ဖြည့်စွက်နိုင်ရေး လုပ်ငန်းများအား ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ အမှတ်(၇)ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကွင်းဆင်းဆောင်ရွက်သည်။

မွန်ပြည်နယ် ရေးမြို့ ဇီးဖြူသောင်ကျေးရွာတွင် လှိုင်းဒဏ်စိုးရိမ်မှုကြောင့် လူနေအိမ်များ ယာယီပြောင်းရွေ့

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မုန်တိုင်းအန္တရာယ်သတိပေးထားခြင်းနှင့် လှိုင်းဒဏ် စိုးရိမ်မှုကြောင့် ပင်လယ်ကမ်းနဖူးရှိ လူနေအိမ်(၅၀)ကျော်ကို ရတနာအောင်မြေကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံနှင့် ၎င်းတို့၏ နီးစပ်ရာအိမ်များသို့ ယမန်နေ့နေ့လယ်က ယာယီပြောင်းရွေ့ ပေးထားကြောင်း ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဆန်းဦးထံမှ သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကွန်ကရစ်လမ်း အဆင့်​မြှင့်တင်ခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်‌ပြေချောမွေ့စေရန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် သုံးခွရပ်ကွက် ရွာလယ်လမ်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Subscribe to