မိုင်းရှူးမြို့၌ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

 

မိုင်းရှူး   အောက်တိုဘာ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် အိမ်အပြင်ထွက်လျင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင် ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအလိုက် စဉ်ဆက် မပြတ် ဆောင်ရွက် လျက် ရှိကြောင်းသိရသည်။

လက်ရှိတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုပိုမိုများပြားလာသဖြင့် မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ် ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီနှင့်ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ လမ်းသွား/ လမ်းလာ ပြည်သူ များ Mask တပ်ဆင်ထားခြင်းမရှိလျင် ဒဏ်ငွေနှစ်ရာပေးဆောင်စေပြီးMask တစ်ခုပေးကာ ခုဝယ်၊ ခုတပ် စနစ်ဖြင့်အရေးယူခြင်းများဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူ များအနေဖြင့် လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် ပူးပေါင်း အဖွဲ့ သည်မြို့လယ်တံတားထိပ်၌ ယနေ့နံနက် ၇နာရီအချိန်ခန့်ကလမ်းသွား/လမ်းလာပြည်သူများ နှာခေါင်း စည်း (Mask) တပ်ဆင်ခြင်းမရှိသူများကို ဒဏ်ငွေနှစ်ရာပေးဆောင်စေပြီး Maskတစ်ခုပေးကာ ခုဝယ်၊ခုတပ်စနစ်ဖြင့် အရေး ယူခြင်းများ ဆောင်ရွက်သည့် အပြင်နောင်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန် ထား သော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံ ကတိလက်မှတ် ရေးထိုး စေပြီး ပြန်လွှတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် ဝန်ခံကတိလက်မှတ် ရေးထိုး ထားသူများအနေဖြင့် လိုက်နာ ဆောင်ရွက်မှုအား နည်းကြောင်း ထပ်မံတွေ့ရှိရပါက သဘာဝဘေးဥပဒေနှင့် အညီအရေး ယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)