ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသွားလာသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ဌာနဆိုင်ရာများတို့က ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့ ဗိုလ်ချုပ်လမ်းနှင့်ဦးကြီးထိန်နန်လမ်းဆုံနေရာ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ထပ်ဆင့်သင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာသင်တန်း ပို့ချခြင်းကို ယမန်နေ့ နံနက် (၉)နာရီက အထက (ရွှေတောင်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် မဲရုံမှူး နှင့် ဒုတိယမဲရုံမှူးများကို မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်း ဆက်လက်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ အတွက် မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းကို အောက်တိုဘာလ ၂၄ ရက် တွင်စတင်၍ မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျန်ရှိသည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ ကို ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း Semi Lockdown ဧရိယာအတွင်းရှိ အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများလျှက်ရှိသည့် စင်္ကြာနွယ်စဉ်ရပ်ကွက် အကွက် (၆၈၃)နှင့် (၆၈၄)တို့တွင်ရှိသော အိမ်ထောင်စုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်

နမ့်စန်မြို့နယ်တွင် အငြိမ်းစား ရဲဝန်ထမ်းများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကာလ အတွင်း အငြိမ်းစား ရဲတပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၉နာရီက မြို့နယ်ရဲတပ်ဖွဲ့စခန်းအတွင်းရှိ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်း စစ်ဆေး ခြင်း (Activities of Field Inspection)ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ မွန်ဇော်အုပ်စုရှိ မျိုးစေ့ ထုတ် စိုက်ခင်းများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ ၁၇ ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်း

မော်လမြိုင်ကျွန်းမြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးတွင်ဆေးကုသမှု့ခံယူနေသည့် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယမန်နေ့ နေ့လယ်တွင် ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ၁၇ ဦးဆင်းခွင့်ရရှိခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများထဲတွင် မဘေကျေးရွာအုပ်စုမှ အသက်၈ဝနှစ်ကျော်နှစ်ဦးနှင့် ကလေးငယ်တစ်ဦးပါဝင်ပြီး အားလုံးကျန်းမာရေးကောင်းမွန်လျက် ရှိသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်မဲရုံမှူး၊ ဒုတိယမဲရုံမှူးဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက အထက-၂ ကျောင်းတွင် မဲရုံမှူး ၊ ဒုမဲရုံမှူး ဆင့်ပွားသင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆန္ဒပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်သည်။

ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် ဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါး ဆင်းဧကရီ -၃ မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဟုမ္မလင်း မြို့နယ် အတွင်း CERP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါး ဆင်းဧကရီ -၃ မျိုးစေ့ ထုတ်စိုက်ခင်းများတွင် မျိုးကွဲရာခိုင်နူန်း၊ အခြားသီးနှံပင်ရာခိုင်နူန်း၊ပေါင်းပင်ရာခိုင်နူန်း နှင့် ရောဂါရှိအပင်/အနှံရာခိုင်နှုန်းပါရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နံနက်(၈) နာရီခွဲအချိန်က ခေါင်ခမ်း ကျေးရွာအုပ်စု၊နားနုံးကျေးရွာ၊ နားနုံးပါမလုံကွင်း တာပတောင် ကျေးရွာ၊ တာပတောင်ကွင်းနှင့် ကက်သာကျေးရွာအုပ်စု၊ ကက်သာကျေးရွာ၊ ကက်သာ တောင် ကွင်းရှိ မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်း၍ တောင်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
Subscribe to