ပုလော၊ အောက်တိုဘာလ ၂၆
တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စည်ပင်သာယာစျေး၊ ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာဖြစ်သော မြို့နယ်စည်ပင်သာယာစျေး၊ ပျံကျစျေးနှင့် စားသောက်ဆိုင်များနှင့် ကုန်တင်ကုန်ချ ဆောင်ရွက်နေသည့် နေရာများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ပြီးမှသာ ရောင်းခြင်း/၀ယ်ခြင်း ပြုလုပ်ကြစေရန်၊ ရောင်းသူ/၀ယ်သူ သတ်မှတ်အကွာအဝေးတွင် ရောင်းချ၀ယ်ယူရန် စသည့်အချက်များ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ကျန်းမာရေးဌာနမှ၀န်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ စျေးရောင်း/၀ယ်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)