သရက်မြို့နယ်၊ စမ်းအိုင့်နှင့် ပိဿလိမ်းကျေးရွာများရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စု(၄၁)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက စမ်းအိုင့်ကျေးရွာဓမ္မာရုံနှင့် ပိဿလိမ်း ကျေးရွာ စာသင်ကျောင်းတို့တွင်သွားရောက် ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ ဆက်သွယ်သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၁-၇-၂၀၂၀ ပြည့်နှစ်မှ စ၍ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လမ်းမတော်မြို့နယ်  UMFCCI  တွင် Myanmar 4.0 Whitepaper ပြင်ဆင်ရေးဆွဲနိုင်ရေးဆွေးနွေးပွဲကျင်းပ

လမ်းမတော်မြို့နယ်  UMFCCI  တွင် နိုင်ငံတော်အစိုးရမှ ဦးစီးပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့် အာဆီယံ (၄.၀) စီမံကိန်း တို့ကို ဦးတည်သော မြန်မာ ၄.၀ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။

မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား ကျေးရွာအုပ်စုများအရောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို ဩဂုတ်လ (၄) ရက်၊ နံနက် (၉) နာရီအချိန်က တောင်သာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာများအရောက် သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

မအူပင်မြို့နယ်၌ အောက်ထုံးကျေးရွာအုပ်စုတွင် မြစ်ရေတိုက်စားမှုကြောင့် ဖျက်သိမ်းပြောင်း ရွှေ့ခဲ့ရသည့် နေအိမ်(၄၅)လုံး အတွက် ထောက်ပံငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စု အတွင်းရှိ အောက်ထုံးကျေးရွာ၊ အင်းတေးစုကျေးရွာ၊ မရမ်းစုကျေးရွာ၊ ဗာမဏီကျေးရွာ နှင့် စစ်ကုန်းကျေးရွာများတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှု အားနည်းသဖြင့် မြစ်ကမ်းနှင့် နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် နေအိမ်(၄၅) လုံး၊ အိမ်ထောင်စု(၄၅)စု လူဦးရေ (၁၈၈)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အောက်ထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နွားထိုးကြီးမြို့တွင် အရေးပေါ်ရိက္ခာ စားအုန်းဆီ တန်ချိန် ၄၂ တန်ကို သိုလှောင်ရုံတွင် စတင်သိုလှောင်

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ် ရိက္ခာ စားအုန်းဆီ တန်ချိန် ၄၂ တန် (ဆီပုံး-၂၅၈၇ ပုံး) ထဲမှ စားအုန်းဆီ ၁၇၉၈ ပုံး (တန်ချိန် ၂၉ တန်)ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ဇူလိုင် ၃၀ ရက်နေ့တွင် စတင်လက်ခံသိုလှောင်နေပြီဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကြေညာထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအလုပ်အမှုဆောင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ ကွင်းဆင်း လေ့လာခဲ့ကြသည်။

ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပိတ်ထားသည့်ကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၄၅) ကြိမ်ထိရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာ ဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံက သိရသည်။
Subscribe to