မြစ်သားမြို့နယ်တွင် Quarantine Centre များတွင် စိတ်ဓါတ်ခွန်အားပေး အစီအစဉ်ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ Quarantine Centre များတွင် စိတ်ဓါတ်ခွန်အားပေး အစီအစဉ်အဖြစ် တေးသီချင်းနှင့် တေးသရုပ်ဖော်များသီဆိုဖျော်ဖြေကပြခြင်း၊ အသိပညာပေး အစီအစဉ်များ ကို ယမန်နေ့ညပိုင်းက Quarantine Centre အဖြစ်ထားရှိသော မြို့မ အထက နှင့် ကူမဲ အထက များ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။