မြဝတီမြို့၊ ရွှေမြဝတီအသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက်ပစ္စည်းများ လာရောက်လှူဒါန်း

 ကရင်ပြည်နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ထီဆိုင်ဖြန့်ချိရေးမှ ကိုလင်းလင်းနှင့်မဝင်းဝင်းနွယ် မိသားစုက အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြဝတီမြို့ ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လွိုင်လင်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများကို မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းအား အောက်တိုဘာလ ၂၆ ရက် နှင့် ၂၇ရက်တို့တွင် အထက(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ခရိုင်လူမူဝန်ထမ်းဦးစီးဌာနရုံးတို့တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်နှင့် အတွင်းရေးမှူးဦးသိန်းနိုင်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ပခုက္ကူမြို့ ဧရာဝတီတံတားအနီးတွင် လင်းပိုင်တွေ့ရှိသည်ဆို၍ မှတ်တမ်းတင်နိုင်ရန် လိုက်လံစောင့်ကြည့်ရှာဖွေနေ

ပခုက္ကူမြို့ဧရာဝတီတံတားအနီးတွင် လင်းပိုင်များမကြာခဏပေါ်လာသည်ဆို၍ မှတ်တမ်းတင်နိုင်ရန် ဒေသခံ ရေ လုပ်သားများနှင့် မီဒီယာများ ပူးပေါင်း၍ ရှာဖွေနေကြောင်း သိရ သည်။

ဟိုပုံးမြို့နယ်တွင် အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများက အလှူငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ နံနက် ၉ နာရီက ကျောင်းရန်ပုံငွေ အတွက် အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမတွင်ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပ ခဲ့သည်။

ကျိုင်းတုံ၌ (၂၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်(အ‌‌‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင်(၂၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းကို အမှတ်(၁)ရပ်ကွက်၊ စွမ်ဆတ်တောင်ကုန်းရှိ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး အာရုဏ်ခံတန်ဆောင်း၌ ဆရာတော်၊ သံဃာတော်များက ယနေ့ နံနက် ၁၀နာရီတွင် စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံ ဧက(၅၅၀၀၀) စိုက်ပျိုး သွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီနှင့်ကြက်သွန်ဖြူသီးနှံ ဧက(၅၅၀၀၀)ကို စိုက်ပျိုး သွား နိုင်ရေး ပျိုးထောင်ခြင်း၊ မြေပြင်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးထံမှ သိရသည်။

ကျွန်းစုမြို့၌ မြို့သာယာလှပစေရေးအတွက် အလှပန်းပင်များစိုက်ပျိုးထားသည့် နေရာများတွင် ဘဲစားမြက်များ ထပ်မံစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှပန်းပင်များ စိုက်ပျိုးထားသည့်နေရာများတွင် ဘဲစားမြက်များ ထပ်မံစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ ဆင်းဧကရီ-၃(အထူးအထွက်တိုး)မိုးစပါး စံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ တောင်သူ ဦးလော်ကောင်းနှင့် ဦးပီနွန်း၏ လယ်ကွက် ကွင်းအမှတ်(၆၅)၌ ဆင်းဧကရီ-၃(အထူးအထွက်တိုး) မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းနှင့် တံတားတို့ထိခိုက်ပျက်စီးပြီး သစ်ပင်ကျိုးကျခြင်းများဖြစ်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ မိုးများအဆက် မပြတ်ရွာသွန်းခဲ့ပြီး လမ်းနှင့် တံတားတို့ထိခိုက်ပျက်စီးခြင်း သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ဖြစ် ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
Subscribe to