ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအတွက် မြတ်နိုးသူစစ်ဆေးရေး ဂိတ်တွင် ကြည့်ရှုစစ်ဆေး

န္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အဝင်လေးဘက်လေးတန်၌ စစ်ဆေးရေးဂိတ်များထား ရှိကာ၊ ယာဉ်အဝင်အထွက်နှင့် ဝင်ရောက်လာသူတိုင်း ကျန်းမာရေးဆိုင်ရာထောက်ခံစာနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု ထောက်ခံစာ ပါ/မပါ စစ်ဆေးဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်သည် မြတ်နိုးသူစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် ၊ ဘောလခဲခရိုင် ၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း အသစ်ပြန်လည် မွမ်းမံတည်ဆောက်ရန် ၊ အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ကုန်စည်စီးဆင်းမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သည်စက်မှုအသင်းများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ကုန်စည်မပြတ်လပ်စေရေး နှင့် ချောမွေ့စေရေးတို့ အတွက် အစိုးရနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ တွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး ကုန်သည်စက်မှုအသင်းများနှင့် ညှိနှိုင်းအစည်းအဝေး အား Video Conferencing ဖြင့် ပြုလုပ်ခဲ့သည်။

ဝေါလေမြိုင်မြို့ရှိ မဲရုံများမီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံများ မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်မှုအား တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်မှုအား ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၊ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်ဦးနှင့် အဖွဲ့ဝင်များက သင်တနိးပို့ချနေမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကြည့်ရှုခဲ့ကြောင်းသိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်း ဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မျိုးစေ့ထုတ် စိုက်ခင်း များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က တောင်သူ ဦးခွမ်းအောင်၏သုည ဒသမ ၆၀ ဧက စိုက်ခင်းတွင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကောလင်းခရိုင် ပင်လည်ဘူးမြို့၌ စပါးမျိုးစေ့ထုတ်ကွက်များ အထွက်နှုန်းကောင်းစေရေး၊ အချိန်မီ စနစ်တကျ ရိတ်သိမ်းခြွေလှေ့အခြောက်ခံနိုင်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရွာသာယာကျေးရွာ အုပ်စု၊ တုံးဖလားကျေးရွာတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ကွက်များအား ရင့်မှည့်ချိန် မျိုးကွဲစစ်ဆေးခြင်း၊ ပေါင်းမြက်စစ်ဆေးခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းတို့အား ကွင်းဆင်း စစ်ဆေး ခြင်း(Field Inspection Campagin) ကို ယမန်နေ့က ကွင်းဆင်းပြု လုပ်ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

မတူပီမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်းတန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မတူပီနှစ်ခြင်းဘုရားရှိခိုးကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ လာရောက်ပြသ စစ်ဆေးနိုင်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ Fever Clinic ကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှစ၍ ဝင်းကြီးရပ်၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး ယခင် တီဘီရောဂါစမ်းသပ်ကုသရေး ဌာနဟောင်း အောက်ဆေးပေးခန်းတွင် အစိုးရရုံးဖွင့်ရက်များ၌ စမ်းသပ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသတန်း ဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းအားယမန်နေ့ နံနက်(၉)နာရီတွင် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Subscribe to