တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ လမ်းဘေးရေမြောင်းထဲ၌ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကို စည်ပင်သာယာရေးဌာနမှ ရှင်းလင်းဖယ်ရှား
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရေနုတ်မြောင်းတွင် အမှိုက်များပိတ်ဆို့ပြီး ရေစီးရေလာရပ်တန့်ကာ အနံ့အသက်ဆိုးများ ထွက်ပေါ်လျက်ရှိသဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်တွင် အမှိုက်များ၊ နှုံးများ ရှင်းလင်းဖယ်ရှား လျက်ရှိကြောင်း သိရသည်။