ကလေးဝ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကိုင်းကျေးရွာအုပ်စု ဇီးဒေါင့်ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ၍ လူနေအိမ်နှစ်လုံးအား ယနေ့ နံနက် ၁၀ နာရီက ပြောင်းရွှေ့ခဲ့သည်။
ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာ ဖြစ်ပြီး ယခုအခါ ချင်းတွင်းမြစ်ရေ သည် ၁၄၃၃ စင်တီမီတာ သို့ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ၍ အန္တရာယ် ရှိသည့်အတွက် ဇီးဒေါင့်ကျေးရွာရှိ လူနေအိမ်နှစ်လုံးအား ဘေးလွတ်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)