မိုင်းယောင်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေုပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမှတ်(၃)ရပ်ကွက်မှ ဦးနန်ပျဲန်း မိသားစု က သောက်ရေသန့်နှင့် မုန့်များကို ယမန်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းသည်။
“မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးမှာ ရှေ့တန်းမှ အားသွန် ခွန်စိုက် လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် လေးစားဂုဏ်ယူ ပါတယ်၊ ကျန်းမာရေး ဝန်ထမ်း များကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု မြို့နယ် ပြည်သူ့ ဆေးရုံသို့ သောက်ရေသန့်များ လာရောက်လှူဒါန်းသူ အလှူရှင်တစ်ဦးက ပြောသည်။
စိုင်းအောင်ဇော်လင်း