သနပ်ပင်မြို့နယ်တွင်  မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

သနပ်ပင်၊ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ‌ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့  နံနက် ၉:၃၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

 ရှေးဦးစွာ ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမျိုးဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း မှ  သင်တန်းအဖွင့်အမှာ စကား‌ပြောကြားပြီး၊ သနပ်ပင်မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးမှ ရွေးကောက်ပွဲတ္ငင် လုံခြုံရေးဆိုင်ရာများ ကိစ္စရပ်များ ရှင်းလင်းခြင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံကြည်မှ ရွေးကောက်ပွဲနေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်၊ လမ်းညွှန်ချက်များအားရှင်းလင်း ပြောကြားခြင်းနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့်  ကျန်းမာရေးသုံးပစွည်းများ အသုံးပြုပုံ၊ အသုံးပြုနည်းများကို မဲရုံမှူး၊ ဒုမဲရုံမှူးများအား လက်တွေ့သရုပ်ပြကာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးတင်မွှေးက  မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ လုပ်ငန်းတာဝန်များနှင့်သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို  နည်းပြဆရာ(၈)ဦးက  မဲပေးခြင်းလုပ်ငန်းတွင် စစ်ဆေးရမည့်အချက်များ၊ မဲရုံဖွင့်လှစ်ခြင်း၊ ပိတ်ခြင်း နှင့် မဲရေတွက်ပုံ လုပ်ငန်းအဆင့်ဆင့်၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေးအိတ်များ ထုတ်ပိုးခြင်း စသည်တို့ကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူး(၄၄)ဦး တက်ရောက်ပြီး   ကိုဗစ် ၁၉ လမ်းညွှန်ချက်နှင့်အညီ (၄)ရက်ကြာ ပို့ချသွားမည်ဖြစ်ကာ သနပ်ပင်မြို့နယ်တွင် မဲရုံပေါင်း (၉၁)ရုံ၊ မဲရုံမှူး ၊ ဒု-မဲရုံမှူး (၁၈၂ )ဦး၊ ဆန္ဒမဲပေးသူပေါင်း (၁၂၃၅၇၂) ဦး ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှသိရှိရသည်။

လှမိုး(သနပ်ပင်)