(၁၃) ကြိမ်မြောက် Exim Bank ချေးငွေအား အပြေအကြေပေးဆပ်ကြသော အခြေခံသမဝါယမ အသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှုကို ချပြရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ( ၁၃ ) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်၍ အပြေအကြေပေးဆပ်ကြသော အခြေခံသမဝါယမ အသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှု ချပြရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ပြုလုပ်ခဲ့သည်။

ကျိုက်မ​ရော၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေး မဲရုံများပြင်ဆင်​ဆောင်ရွက်​နေမှုအား တာဝန်ရှိသူများစစ်​ဆေး

၂၀၂၀ ပြည့်နှစ် ၊ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​​ထွေ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေးအတွက် မဲရုံများပြင်​ဆင်​ဆောင်ရွက်​နေမှုအား ယ​နေ့ နံနက် ၉နာရီခန့်က ကျိုက်မ​ရောမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်တာဝန်ရှိသူများကအံကရဲ​ကျေးရွာအ​ခြေခံပညာ အလယ်တန်း​ကျောင်းခွဲ ၌​ဆောင်ရွက် လျက်ရှိသည့်မဲရုံများအားကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပေါက်မြို့နယ်၌ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဖြန့်ချိပို့ဆောင်ပေး

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဖြန့်ချိပို့ဆောင်ပေးလျက်ရှိသည်။

မက်မန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံးမှူး၊ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား ဆင်ပွားသင်တန်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအားဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်ခန့်က မက်မန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အဝင် ဂေါက်ကွင်းစစ်ဆေးရေးဂိတ်၌ ယနေ့နံနက်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးကြကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူရှင်များက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီသို့ ယနေ့ နံနက်(၁၀)နာရီ က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ယာယီဆေးရုံဖွင့်လှစ်ထားသည့် မြို့နယ်ခန်းမ ကိုဗစ်-၁၉ ကုသရေးယာယီဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ယာယီဆေးရုံဖွင့်လှစ်ထားသည့် မြို့နယ်ခန်းမတွင် ထားရှိသည့် ကိုဗစ်အတည်ပြုလူနာများအား ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ လိုအပ်သည်များကို စစ်ဆေးပေးခဲ့ရာ ကျန်းမာရေးအထူး ကောင်းမွန်ကြောင်း သိရသည်။

ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် မဲရုံသုံးပစ္စည်းများစတင်ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကိုယနေ့နံနက်ပိုင်းကရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့စတင်ထုတ်ပေးကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်တွင် အထူးရဲ ၂၉၁ ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး

မိတ္ထီလာမြို့နယ်တွင် အထူးရဲ ၂၉၁ ဦးအား Rapid Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က အထက (၅) ရှမ်းတဲ၌ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အားလုံးတွင် ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦးထံက သိရသည်။
Subscribe to