သန်လျင် အောက်တိုဘာ ၂၆
သန်လျင်မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီလျက် ရှိသည့် Syriam Brother Group ကိုဗစ်အထောက်အကူပြုအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် ဒါရ်ဂါရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား ဆန်၊ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် အိမ်ထောင်စု(၉၀၀)အား တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သား၊ ငါးသေတ္တာ(၅)ဘူးစီ ထောက်ပံ့ပေးခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်ကျော်က ပြောသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား အလှူရှင်များ၊ အသင်းအဖွဲ့များက ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်အတည်ပြုပိုးတွေ့လူနာ (၉၀၂)ဦးရှိနေပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက နေ့/ညကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)