မဘိမ်းမြို့နယ်၌ ဆန္ဒမဲလက်မှတ်များစစ်ဆေးခြင်း ဆောင်ရွက်

မဘိမ်း     အောက်တိုဘာ    ၂၆   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဘိမ်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပြည့်စုံမှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျထုတ် ပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီအချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင် နှင့် အဖွဲ့ခွဲအဖွဲ့ဝင်များက မဘိမ်းမြို့နယ်အတွက် ဆန္ဒမဲ လက်မှတ် တစ်အုပ်လျှင် (၅ဝ)ရွက်ပါ အုပ်ရေ ပေါင်း(၂၇၃၃)အုပ်အား ဆန္ဒမဲလက်မှတ်မှန်/မမှန်နှင့် မဲလက်မှတ်အုပ်ရေ ပြည့်/မပြည့် စစ်ဆေးခြင်း၊ မဲလက်မှတ်ရွက်ရေ(၅ဝ)ရွက် ပြည့်/မပြည့်စစ်ဆေးခြင်း၊ ဆုတ်ပြဲနေသောမဲလက်မှတ်များ ပါ/မပါစစ် ဆေးခြင်း၊ အစွန်းအထင်းရှိသော မဲလက်မှတ်များ ပါ/မပါစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သက် ဆိုင်ရာမဲရုံအလိုက်ထုတ်ပေးရမည့် ဆန္ဒမဲလက်မှတ်များအား စိစစ်ထုတ်ပိုးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)